နေပြည်တော် မတ် ၇
၂၀၂၅ ခုနှစ် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက အရာရှိ၊ အရာခံ၊ အကြပ်အဆင့် စစ်သည်တော်ကျင့်ဝတ်ရေးဖြေနှင့် တပ်သားအဆင့် ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါ နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအဆင့်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုသူ ၆၀ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်