Skip to main content

အမျိုးသားများကို စစ်မှုထမ်း တပ်သားများအဖြစ် စုဆောင်းနေခေါင်းစဉ်ဖြင့် မဟုတ်မမှန် ရေးသားဖော်ပြ

နေပြည်တော် မတ် ၄

ထိုင်းအစိုးရက ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ၂၀၀ ကို စစ်ကောင်စီထံသို့လွှဲပြောင်းပေးပြီး အမျိုးသားများကို စစ်မှုထမ်းတပ်သားများအဖြစ် စစ်ကောင်စီက စုဆောင်းနေ ခေါင်းစဉ်ဖြင့် Khit Thit Media အမည်ခံ Facebook Page က ဖေဖော်ဝါရီ ၂၅ ရက်က ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေထားသည်။

ထို့အတူ Khit Thit Media အမည်ခံ Facebook Page သည် စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံခေါ်ယူသည့် စနစ်သို့ ပြောင်းလဲလိုက်ပြီး ပြည်ပရောက် မြန်မာများပါ စစ်မှုထမ်းရန်ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန်ပျက်ကွက်ပါက အမည်ပျက်နှင့် ဝရမ်းထုတ်ခံရမည့်စာရင်းတွင် ထည့်သွင်းမည်ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၅ ရက်က ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေနှင့်အညီစိစစ်၍ စစ်မှုထမ်းခေါ်ဆောင်နေခြင်းသာဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် Khit Thit Media အမည်ခံ Facebook Page ၏ ဖော်ပြချက်များသည် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များအား ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

သစ္စာ