နေပြည်တော် ဖေဖော်ဝါရီ ၂၆
နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအဆင့် အဆင့် (၄) ဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုသူ ၁၀၄ ဦး၏ ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုများကို တိုင်းမှူးဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်