နေပြည်တော် အောက်တိုဘာ ၅
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးဆွဲကျေးရွာအနီး ကျေးရွာလူထုအား အကာအကွယ်ရယူ၍ လမ်းပန်း ဆက်သွယ်မှု လုံခြုံရေး ကို ဖြတ်တောက်ခြိမ်းခြောက် နေသော AA အကြမ်းဖက် သောင်းကျန်း သူအဖွဲ့၏ ခြေကုပ် စခန်းအား သိမ်းပိုက်ရရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်း ထုတ်ပြန် ချက်အရ သိရ သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များသည် ရခိုင်ပြည်နယ် ပုဏ္ဏား ကျွန်း၊ ရသေ့တောင် - ဘူးသီးတောင် ဆက်သွယ်ထားသည့် ကားလမ်းနှင့် စစ်တွေ -ရသေ့တောင် - ဘူးသီး တောင် ရေလမ်းကြောင်းတို့၏ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးကို ရသေ့တောင်မြို့နယ် ထီးဆွဲ ကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများ၌ အခိုင်အမာ နေရာယူ၍ လမ်းပန်းဆက်သွယ်မှု ဖြတ်တောက်ခြင်း၊ ရေယာဉ်များကို မကြာခဏပစ်ခတ်ခြင်းဖြင့် ခြိမ်းခြောက်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက် ခဲ့ရာ အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီခန့်တွင် အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ ကြောင်း။
ဖြစ်စဉ် မှာ AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် ဆက်သွယ် ထားသည့် လမ်းကြောင်းကို ရသေ့တောင် မြို့နယ် ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်း နေရာ များ၌ အခိုင်အမာနေရာယူ၍ အရပ်သားများ အသွင်ဖြင့် အယောင်ဆောင်ကာ အလစ်အငိုက် ချောင်း မြောင်း တိုက်ခိုက်ခြင်း၊ ကျေးရွာသားများအား လူသားတံတိုင်း အဖြစ် အသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသတွင်း အေးချမ်းစွာ နေထိုင်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ အပါ အဝင် ဒေသခံပြည်သူများ အား မကြာခဏ ချောင်းမြောင်း သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း စသည့်အကြမ်း ဖက်လုပ်ရပ် များအပြင် ရေလမ်းကြောင်း ကိုလည်း ဖြတ်တောက်ပိတ်ဆို့ ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက် ရှိရာ စက်တင် ဘာလ အတွင်း၌ ရေယာဉ်များကို ဖြတ်တောက်ပိတ်ဆို့ ပစ်ခတ်မှု ခြောက်ကြိမ်ရှိပြီဖြစ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လမှစ၍ လမ်းကြောင်း လုံခြုံမှု ရှိစေရေး လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရာသီဥတုဆိုးရွားပြီး မိုးတွင်းကာလဖြစ်သဖြင့် လှုပ်ရှားသွားလာရန် အခက်အခဲများကြားမှ အောက်တိုဘာ ၄ ရက် နံနက် ၂ နာရီခန့်တွင် ၎င်းတို့နေရာ ယူထား သည့် နေရာများကို သိမ်းပိုက် ရရှိခဲ့ကြောင်း။
ဖြစ်စဉ်များ တွင် AA အကြမ်းဖက်သောင်းကျန်းသူ များထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် နယ်မြေဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံစေရေး နယ်မြေ စိုးမိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထား သည်။
သတင်းစဉ်