Skip to main content

စစ်တွေ - မင်းပြား - အမ်း လမ်းပန်းဆက်သွယ်မှုလုံခြုံရေးအတွက် တပ်မတော်ကဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်

နေပြည်တော် အောက်တိုဘာ ၅

ရခိုင်ပြည်နယ် စစ်တွေ-မင်းပြား- အမ်း လမ်းပန်းဆက်သွယ်မှု လုံခြုံရေးအတွက် တပ်မတော်ကဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေး လမ်းကြောင်း များ ဖြတ်တောက်ပိတ်ဆို့မှုများကို ဆောင်ရွက်လျက်ရှိသောကြောင့် ကုန်စည် စီးဆင်းမှု အခက်အခဲများ ဖြစ်ပေါ် ခြင်း၊ စားရေး အခက်အခဲများကြုံတွေ့ ခြင်းနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးတို့တွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း။

ထိုသို့ဖြစ်ပေါ်နေသည့် အခြေ အနေများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက မတူပီ - ဆမီး - ပလက်ဝ လမ်းကြောင်း၊ ကျောက်တော် - ပလက်ဝ လမ်းကြောင်းပွင့်စေရေး ဆောင်ရွက်ခဲ့မှုများ အပါအဝင် ရခိုင်ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယင်းသို့ ဆောင်ရွက်လျက်ရှိ စဉ် စစ်တွေ-မင်းပြား-အမ်း လမ်းပန်း ဆက်သွယ်မှု လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် တပ်ဖွဲ့ဝင်များသည် AA အကြမ်းဖက် သောင်းကျန်းသူများ နှင့် စက်တင်ဘာလမှ ယနေ့အချိန်အထိ မင်းပြားနှင့် အမ်းအကြား ပြည်ထောင်စုလမ်းမကြီးပေါ်၌ ထိတွေ့မှု လေးကြိမ်ဖြစ်ပွား ခဲ့ကြောင်း။

အောက်တိုဘာ ၃ ရက်တွင်လည်း အမ်း - မင်းပြား သွားကားလမ်းပေါ်ရှိ တောင်ဘုတ်ကေကျေးရွာအနီး၌ လမ်း ကြောင်း ဖြတ်တောက်ပိတ်ဆို့မှု ဆောင်ရွက်လျက်ရှိသော AA အကြမ်းဖက်သောင်းကျန်းသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိတွေ့မှု ဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေစိုးမိုးရေးလုပ်ငန်း များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များတွင် AA အကြမ်းဖက် သောင်းကျန်းသူများ ထံမှ အလောင်း၊ လက်နက်နှင့်ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်း ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့အချို့ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုလုံခြုံစေရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ယင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်