နေပြည်တော် အောက်တိုဘာ ၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဘုန်းပွင့်လမ်းနေ သန်းဝင်း(ခ)မောင်ပိန်၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၇၈၃ ပြားကိုလည်းကောင်း၊
အလားတူယင်းနေ့ မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ မိုင်းဆတ်မြို့နယ်၊ တန့်ဆိုင်ကျေးရွာအုပ်စု၊ တန့်ဆိုင်ကျေးရွာအနီး၊ တန့်ဆိုင်- မိုင်းဆတ်သွားကားလမ်း၌ Vigo အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးမှာ မော်တော် ယာဉ်အား လမ်းဘေးသို့ရပ်တန့်၍ ထွက်ပြေးသွားသောကြောင့် ၎င်းယာဉ်ကို စစ်ဆေးရှာဖွေရာ ငွေကျပ် သိန်း ၁၀၀၀၀၀ တန်ဖိုးရှိ အိုက်စ် ၅၀၀ ကီလိုသိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရ သည်။
(ရဲပြန်ကြား)