ပုလော အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမြင့်မောင်နှင့် တာ၀န်ရှိသူများက ပုလောမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့လူနာများ ထားရှိသော Quarantine Center များ၌ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုယနေ့ ညနေ (၄)နာရီခွဲ က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ၀န်ကြီးချုပ်နှင့်အတူ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာ၀န်ရှိသူများ လိုက်ပါလျက် ပုလောမြို့နယ် ပြည်သူ့ဆေးရုံ၌ ပိုးတွေ့လူနာများထားရှိရာ ISOLATION WARD ကို လည်းကောင်း၊ မြို့နယ် မိုးလုံလေလုံ အားကစားရုံကို လည်းကောင်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ တာ၀န်ရှိသူများက ရှင်းလင်းတင်ပြမှု အပေါ် လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)