နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ Mr.Alexander SHPAKOVSKY သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံနှုတ်ဆက်သည်။
ရှေးဦးစွာ မြန်မာလက်ရွေးစင်ပုံပြင်များနှင့် (၃၈) ဖြာ မင်္ဂလာပုံပြင်များ (ရုရှား/ မြန်မာဘာသာ) စာအုပ်များ၊ ဘယ်လာရုစ်နိုင်ငံ တေးရေးမှ ရေးစပ်ထားသည့် မြန်မာနိုင်ငံအကြောင်း သီချင်းလေးပုဒ်တို့ကို မြန်မာ - ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌက စာအုပ်များ ပေးအပ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်