Skip to main content

MSME ချေးငွေများ လျှောက်ထားနိုင်

ပြည်ထောင်စုနယ်မြေ နေပြည်‌တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်း တိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်‌ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ခုတို့မှ ထုတ်ချေးပေးလျက်ရှိသဖြင့် ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့်ဆက်သွယ်၍ ချေးငွေများ လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။

MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့