Skip to main content

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြိမ် (၂၀)မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အားပေးအမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည်ဌာနများအလိုက် စုပေါင်းညီညာ အောင်ကြောင်းဖြာ သရုပ်ကိုဖော်ဆောင်သော ပြိုင်ပွဲတစ်ခု လည်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဖြစ် သည့်အတွက် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို လိုက်နာ ယှဉ်ပြိုင် သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများက ဝန်ကြီးဌာနမှ ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာအတိုင်း သတ်မှတ်ပြိုင်ပွဲ စည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြပြီး ဆုရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များက အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ကြကာ ဆုရရှိသည့် အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများချီးမြှင့်ကြကြောင်း သိရသည်။

သတင်းစဉ်