နေပြည်တော် ဖေဖော်ဝါရီ ၁၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားပြီး ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် ရုံးလုပ်ငန်းများဆောင် ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သည့်အရာတစ်ခု ဖြစ်သည့်အပြင် မိမိတို့နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများမဖြစ်မနေသိရှိလိုက်နာ စောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက်တစ်ရပ်လည်းဖြစ်ကြောင်း၊ ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်ပြီး ဗဟုသုတရရှိစေရန်အတွက် အတိုချုံး၍ ဆင့်ပွားသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသားသင်တန်းသူ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ဥပဒေပညာကို ဆက်လက်ဆည်းပူးလေ့လာသွားရန် တိုက်တွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၈ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ သင်တန်းနည်းပြငါးဦးတို့က သင်တန်းသားသင်တန်းသူ အရာထမ်း၊ အမှုထမ်းဦးရေ ၅၀ တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်