Skip to main content

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်နှင့် ဝန်ထမ်းများအချင်းချင်း ရိုင်းပင်းကူညီစိတ်များထားရှိပြီး စည်းလုံးပျော်ရွှင်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထများရရှိစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Center-1 ရှေ့၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဌာနခွဲအလိုက်ပျော်ရွှင်စွာ ထမနဲထိုးနေကြသည့် ဝန်ထမ်းများအားကြည့်ရှုအားပေးပြီး ၎င်းအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဝန်ထမ်းများကို ထမနဲဘူးများ ပေးဝေခဲ့ကြောင်း သိရသည်။

သတင်းစဉ်