Skip to main content

၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားသို့ ပင့်လျှောက်/ ဖိတ်ကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၁

၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်ပွဲအခမ်းအနားကို မတ် ၁၁ ရက်နှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို မတ် ၁၃ ရက်(၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့) ကြာသပတေးနေ့တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားများသို့ “အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ” ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ကြီးများနှင့် အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ၊ သီရိသုဓမ္မမဏိဇောတဓရ၊ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များကို မတ် ၉ ရက်ထက် မစော၊ မတ် ၁၀ ရက်ထက်နောက်မကျစေဘဲ နေပြည်တော်သို့ ကြွရောက်နိုင်ပါရန် ပင့်လျှောက်/ဖိတ်ကြားထားကြောင်း သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်