Skip to main content

သာစည်မြို့နှင့် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် ည ၉ နာရီခွဲတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာအနီးတွင် SCANIA အမျိုးအစား EXPRESS ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မလှလှရီ၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် သိန်း ၄၅၀) ကိုလည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရွှေပင်ရပ်ကွက်ရှိ ရဲထွန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၂၀ (တစ်ပြားလျှင်ကျပ် ၂၀၀၀ နှုန်းဖြင့် ၁၂၈ ဒသမ ၄ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်