Skip to main content

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၈

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ကြီးဌာနအလိုက် နေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၅၃၅၀၊ ၅၃၅၁ နှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၃၃၁၂၂ နှင့် ၃၃၉၉ တို့ကိုလည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်နှင့်အဖွဲ့သည် ဇေယျသိဒ္ဓိ ရပ်ကွက် စံပယ်အိမ်ရာ တိုက်အမှတ် ၃၅ နှင့် ဘောဂသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၆၀၃၊ ၇၄၇၊ ၈၂၁ နှင့် ၈၂၂ တို့ကိုလည်းကောင်း အဖွဲ့များခွဲ၍ အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေ၊ ရေ၊ မီး သုံးစွဲမှုအခြေအနေများ၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် အိမ်ရာ စည်းကမ်းများအတိုင်း နေထိုင်မှု ရှိ/မရှိတို့ကိုလိုက်လံ ကြည့်ရှုစစ်ဆေးကြသည်။

ရင်းရင်းနှီးနှီးတွေ့ဆုံ

ထို့နောက် အိမ်ရာများအလိုက် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အိမ်ရာများတွင် ပေးပို့ထားသည့် အိမ်ထောင်စုစာရင်းများအပြင် အခက်အခဲတစ်စုံတစ်ရာကြောင့် ဆွေမျိုးသားချင်းများ လာရောက်တည်းခိုနေထိုင်လိုပါက တာဝန်ရှိသူများထံ သတင်းပို့တင်ပြ၍ ဧည့်စာရင်းတိုင်ကြားပြီးမှသာ နေထိုင်သွားရန်နှင့် လုံခြုံရေးအသိထားရှိပြီး သတိပြုဂရုစိုက် နေထိုင်သွားရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်