Skip to main content

နေပြည်တော်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နေပြည်တော်စုပေါင်းစက်ဘီးစီးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၈

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နေပြည်တော် စုပေါင်းစက်ဘီးစီးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှေ့၌ ကျင်းပသည်။

စက်ဘီးစီးပွဲသို့ နေပြည်တော် အားကစားနှင့်ကာယပညာ ကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ စက်ဘီးစီးဝါသနာရှင် အားကစားသမားများ တက်ရာက် ကြသည်။

ဦးစွာ နေပြည်တော်အားကစား နှင့် ကာယပညာကော်မတီ နာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သေနတ်ပစ်ဖောက်၍ နေပြည်တော် စုပေါင်းစက်ဘီးစီးပွဲကို တာလွှတ်ပေးသည်။

 ထို့နောက် စက်ဘီးစီး ဝါသနာရှင် အားကစားသမား ၂၀၀ တို့က ၈ ကီလိုမီတာ စက်ဘီးစီးကြပြီး ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှေ့သို့ ပြန်လည်ရောက်ရှိကြရာ စက်ဘီးနှစ်စီး၊ စက်ဘီးစီးဖရိန်တစ်ခုနှင့် စက်ဘီးစီးဝတ်စုံ ၁၁ စုံတို့ကို တာဝန်ရှိသူများက ကံစမ်းမဲဖောက်ပေးပြီး ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်