နေပြည်တော် ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် ယာယီစစ်ဘေးရှောင်ထွက်ပြေးလာသည့် ဒေသခံသက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား သုံးဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါကျေးရွာအနီး အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်နေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ သွားရောက်လုပ်ကိုင်ရာ အကြမ်းဖက်သမားများသည် ခေတ္တထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ပြန်လည်ထွက်ခွာလာစဉ် အကြမ်းဖက်သမားများက ၎င်းကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်လာကာ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်သွားကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်၊ ရည်ရွယ်ချက်ရှိရှိ ယခုကဲ့သို့ လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်