နေပြည်တော် ဖေဖော်ဝါရီ ၇
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၅) ကြိမ်မြောက် မြန်မာ့ရိုးရာ မိသားစုထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၇) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
အကဲဖြတ်အမှတ်ပေး
ထမနဲထိုးပြိုင်ပွဲကို ဥက္ကဋ္ဌရုံးအဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဝန်ထမ်းရေးရာဦးစီးဌာနတို့မှ ဌာနအလိုက် အရာထမ်း၊ အမှုထမ်းများပါဝင်သည့် အသင်း သုံးသင်းစီဖြင့် စုစုပေါင်း ကိုးသင်းပါဝင်ယှဉ်ပြိုင်ကြပြီး ထမနဲထိုးယှဉ်ပြိုင်နေမှုများအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံအားပေးခြင်း၊ အကဲဖြတ် အမှတ်ပေးခြင်းများ ဆောင်ရွက်ကြသည်။
ဆုချီးမြှင့်ပေးအပ်
ထို့နောက် ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများနှင့် ဆုရရှိသော အသင်းများကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများ ချီးမြှင့်ပေးအပ်ကြရာ ပထမဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာန အဖွဲ့ (၁) အသင်း၊ ဒုတိယဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာနအဖွဲ့ (၂) အသင်းနှင့် တတိယဆုရရှိသည့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနအဖွဲ့ (၂) အသင်းတို့ကို ဥက္ကဋ္ဌ ဦးအောင်သော်ကလည်းကောင်း၊ နှစ်သိမ့်ဆုရအသင်းများကို အဖွဲ့ဝင်များကလည်းကောင်း ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်