Skip to main content

“ပွဲညရဲ့ဇာတ်ခုံ” ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုကို မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်ပြသမည်

နေပြည်တော် ဖေဖော်ဝါရီ ၅

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေစေရန်၊ သဘင်ပညာရှင်များ၏ အနုပညာစွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ပြီး “ပွဲညရဲ့ ဇာတ်ခုံ” အစီအစဉ်ဆန်းသစ်တင်ဆက်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD Channel မှ ဇန်နဝါရီ ၂၅ ရက် စနေနေ့မှစ၍ အပတ်စဉ်ထုတ်လွှင့်ပြသပေးလျက်ရှိသည်။

ဇာတ်သဘင်ကဏ္ဍမျိုးစုံကို ခံစားကြည့်ရှုနိုင်မည့် “ပွဲညရဲ့ဇာတ်ခုံ” အစီအစဉ်ကို မောင်ပြည့်ဝ(ပန်းဝေသီ)က ရိုက်ကူးတင်ဆက်ထားပြီး အပိုင်း(၃)တွင် ဉာဏ်လင်းအောင်၏ ဇာတ်လမ်းကို ရွှေမန်းချမ်းသာ သင်ကြားပြီး မန်းပန်တျာ မင်းသားချစ်စွမ်းသာ၊ ပေါ်လာ၊ စူပါ၊ ဇွဲမာန်ဟိန်း၊ လုလု၊ စွမ်းနိုင်ချစ်၊ ခိုင်ဇာ၊ အိသဉ္ဇာ၊ စိုပြေမြတ်နိုး၊ သီရိမေနှင့် ထက်ထက်တို့က မျိုးစေ့စင်တင်ပြဇာတ် (ပထမပိုင်း) ဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၈ ရက် စနေနေ့ ည ၉ နာရီခန့်တွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App မှလည်း Streaming တစ်ချိန်တည်းကြည့်ရှုနိုင်မည့်အပြင် MRTV Entertainment Sector နှင့် MRTV Telegram တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူးနေ့ ည ၉ နာရီတွင် လည်း MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်