ကျီခါး အောက်တိုဘာ ၃
ချင်းပြည်နယ်၊ ကျီခါးမြို့၌ ရောက်ရှိနေသည့် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က ကျီခါးမြို့သို့ ရောက်ရှိကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကြည့်ရှုစစ်ဆေးပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် ကျီခါးမြို့ရိပ်သာ၌ မြို့စည်ပင်သာယာရေးကော်မတီဝင်များ၊ လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲဒေသဖွံဖြိုးရေးလုပ်ငန်းများ၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးသည်။
ဆက်လက်၍ မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းကျေးရွာသို့ရောက်ရှိပြီး နယ်စပ်ဈေး ဖွင့်လှစ်နိုင်ရေးနှင့် အိန္ဒိယနိုင်ငံမှ ကျီခါးမြို့သို့ လျှပ်စစ်မီးသွယ်တန်းမည့် အခြေအနေများနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျီခါးမြို့ပေါ်ရှိ မြို့တွင်းရေဖြန့်ဝေလိုင်းများ၊ ရေမီတာတပ်ဆင်မှုထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများ အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးနှင့်အတူ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်၊ ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် နှင့်တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)