Skip to main content

သမဝါယမအသင်းများမှ ဆီနေကြာများ စိုက်ပျိုးထားရှိ

တောင်ကြီး ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ရောင်နီဦးလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ တောင်ကြီးမြို့နယ် ပန့်ပုန်းကျေးရွာရှိ ပန်းချယ်ရီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ပင်းတယမြို့နယ် ပွေးလှကျေးရွာရှိ ပွင့်လန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းများရှိ အသင်းသားပိုင်ယာမြေများတွင် အသင်းသားတောင်သူများက ဆီနေကြာများစိုက်ပျိုးထားရှိသည်။

အဆိုပါနေကြာများ ထွက်ရှိလာပါက ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်၊ သမဝါယမအသင်းသားပိုင်ဆီစက်များနှင့် ချိတ်ဆက်၍ အရည်အသွေးပြည့်မီသော နေကြာဆီများ ကြိတ်ခွဲရောင်းချနိုင်ရေးနှင့် စျေးကွက်ရရှိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်