Skip to main content

မြောင်မြို့နယ် မြစ်ဆုံရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် အိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် မြစ်ဆုံရွာကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် နေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံများထံသို့ ဆက်သွယ်မေးမြန်းချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ်များအတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှုမရှိစေရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်းနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအတွင်း ပစ်ခတ်တိုက်ခိုက်ခြင်းများမရှိကြောင်း၊ အကြမ်းဖက်သမားများ ကသာ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာ/ရပ်ကွက်များအတွင်းသို့ အကြောက်တရားလွှမ်းမိုးစေရန် ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် အကြမ်းဖက်သမားများ၏လုပ် ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်