Skip to main content

သမဝါယမကောလိပ်(မန္တလေး)တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ပုသိမ်ကြီး ဇန်နဝါရီ ၃၁

သမဝါယမကောလိပ်(မန္တလေး)တွင် မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကောလိပ်ပင်မဆောင်ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးမင်းသန့်နှင့်အဖွဲ့က အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မီးသတ်ဦးစီးမှူးရုံးအဖွဲ့က လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။                              

သတင်းစဉ်