နေပြည်တော် ဇန်နဝါရီ ၂၉
ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အသက်အရွယ်အကျုံးဝင်သည့် အမျိုးသမီးများကို စာရင်းကောက်ခံမှုများ ပြုလုပ်နေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူနေသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်ပြီး အများပြည်သူ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေရန် ကောလာဟလသတင်းများဖြင့် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။