နေပြည်တော် ဇန်နဝါရီ ၂၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌တွေ့ဆုံ၍ အားကစားနှင့်လူငယ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြီး တိုင်းဒေသကြီးကိုယ်စားပြု မျိုးဆက်သစ် အားကစားသမားများစွာ မွေးထုတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမနှင့် အားကစားကွင်းတို့ကို လည်းကောင်း၊ ရွှေဝယ်သီရိရင်ပြင်ရှိ ဖူဆယ်အားကစားခန်းမနှင့် ရွှေဝယ်သီရိအားကစားခန်းမတို့ ကိုလည်းကောင်း၊ ကာယဗလအားကစားရုံနှင့် ဂျူဒိုလေ့ကျင့်ရေးအားကစားရုံတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရွှေဝယ်သီရိအားကစားခန်းမ၌ လေ့ကျင့်လျက်ရှိသည့် ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ယင်းနောက် ရွှေဝယ်သီရိ စားပွဲတင်တင်းနစ်အသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များနှင့်ပတ်သက်ပြီး ပေးအပ်ချီးမြှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အခြေအနေများကို ဆွေးနွေးပြောကြားကာ ထားဝယ်ခရိုင်နှင့်ထားဝယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်