Skip to main content

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများနှင့်စပ်လျဉ်း၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများနှင့်စပ်လျဉ်း၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ် ရေးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ပတွင် ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံများမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများရရှိစေရေး၊ ပြည်ပနိုင်ငံများမှ မိသားစုလွှဲပို့ငွေများ စနစ်တကျလွှဲပြောင်းပေးပို့ဆောင်ရွက်နိုင်ရေးနှင့် တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများအား တရားဝင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုဆောင်ရွက်ပေးနိုင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်