Skip to main content

တပ်မတော်တွင် အဋ္ဌမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု (ပထမနေ့)လုပ်ငန်း ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၈

တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုး လူနာနှစ်ဦး အောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ခဲ့သည်။ အသည်းအစားထိုးခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှုသုံးကြိမ်၊ လူနာကိုးဦးနှင့် ၂၀၂၄ ခုနှစ်အတွင်း လူနာကိုးဦးတို့ကို အောင်မြင်စွာထပ်မံခွဲစိတ် ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။

ယခုအခါ အဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာသုံးဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့အသည်းအစားထိုး ခွဲစိတ်ကုသမှုကိုယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ တပ်ကြပ်ကြီးနေလင်းဦးနှင့် အသည်းအလှူရှင် ဆရာတော်ဥူးမာနိတတို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉ နာရီခွဲတွင်စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၅ နာရီခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီ ခန့်ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်နှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှတာဝန်ရှိသူအရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်