နေပြည်တော် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ရွာကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တချို့ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းဒေသအတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှု မရှိစေရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးအတွက် လိုအပ်သည့်နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိပြီး ကျေးရွာများအတွင်းသို့ အကြောင်းမဲ့တစ်စုံတစ်ရာ ပစ်ခတ်ခဲ့မှုမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် ကျေးရွာများအား အကြောက်တရားလွှမ်းမိုးစေရန် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများလုပ်ဆောင်လျက်ရှိရာ လူနေအိမ်များပျက်စီးပြီး အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိမှုများလည်းရှိကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားလာစေရန် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် မဟုတ်မမှန် သတင်းများရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။