Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲ တက်ရောက်ရန် ဘရာဇီးလ်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန် ဇန်နဝါရီ ၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးလ်နိုင်ငံ ဘရာဇီးလျားမြို့၌ ကျင်းပမည့် မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ ဘရာဇီးလ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

သတင်းစဉ်