နေပြည်တော် ဇန်နဝါရီ ၂၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် အားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ဦးစွာ ကြက်တောင်အားကစားခန်းမ၌ စားပွဲတင်တင်းနစ်ခုံများ ခင်းကျင်းထားရှိမှု၊ မြို့မဘောလုံးအားကစားကွင်းနှင့် ပွဲကြည့်စင်အခြေအနေကိုလည်းကောင်း၊ ကော့သောင်းမြို့နယ် ခရိုင်အားကစားခန်းမ၊ တင်းနစ်အားကစားကွင်း၊ ရိုးရာခြင်းလုံးခတ်အားကစားရုံနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေး၊ ရေရှည်တည်တံ့ရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများ လာရောက်လေ့ကျင့်နိုင်စေရေး လိုအပ်သည့်အားကစားပစ္စည်းများ ပေးအပ်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းခရိုင်ရုံးနှင့် မြို့နယ်ရုံးတို့မှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်