နေပြည်တော် ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များသည် သက်ဆိုင်ရာနယ်မြေအလိုက် အသက် ၇၅ နှစ် နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို အခမ်းအနားဖြင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့သည် အသက် ၇၅ နှစ်ပြည့်၊ အသက် ၈၀ ပြည့်၊ အသက် ၈၅ နှစ်ပြည့်၊ အသက် ၉၀ ပြည့်နှင့် အသက် ၉၅ နှစ်ပြည့် အဖွဲ့ဝင် ၂၉၂၇ ဦးကို တစ်ဦးလျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၄၆ ဒသမ ၃၅ သန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် နှစ်စဉ်အသက်အပိုင်းအခြားအလိုက် ပြည့်မြောက်လာသူများကို တစ်ကြိမ်စီချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်