နေပြည်တော် ဇန်နဝါရီ ၂၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ပေးပို့လျက်ရှိသည်။
ထိုသို့ ပေးပို့လျက်ရှိရာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးတို့မှ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၇၆၅၃၂၀၀ တန်ဖိုးရှိ ငါးခြောက်ကြော်၊ ဗာလချောင်ကြော်၊ ငံပြာရည်ကြော်ဘူး၊ ငါးသေတ္တာဘူး၊ မားမားခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ တီးမစ်၊ ပဲနို့၊ လက်ဖက်၊ ပုစွန်ခြောက်၊ ငါးခြောက်၊ ကြက်သွန်နီ၊ အမယ်စုံ၊ မုန့်မျိုးစုံနှင့် အရေးပေါ်ဆေးဝါးများစသည်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ပေးအပ်ကြရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းကြသည့် စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ထမ်းမိသားစုများက ပေးပို့သော ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်