နေပြည်တော် ဇန်နဝါရီ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ခန္တီးခရိုင် ခန္တီးမြို့နယ်အတွင်း မယ်ပုတ် - ကျားကိုက် - မလန်ပိုင်ကျေးရွာ ချင်းဆက်လမ်း ၁၀ မိုင် အနက် ၄ မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပိုင်းပေါ်တွင် Box Culvert ရှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းပြီးစီးမှုများကို ခန္တီးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ Z.CO ကုမ္ပဏီမှ တည်ဆောက်ရေးတာဝန်ခံအင်ဂျင်နီယာတို့နှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်