နေပြည်တော် ဇန်နဝါရီ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မသန်စွမ်းသူများအတွက် စိတ်ဓာတ်မြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးနှင့် အခွင့်အလမ်းများ ပိုမိုမြှင့်တင်ပေးနိုင်ရေး၊ လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုရှိရေးနှင့် ပူးပေါင်းလုပ်ဆောင်သွားနိုင်ရေး၊ ဆန်းသစ်တီထွင်မှုနှင့် အားကစားကဏ္ဍတွင် မသန်စွမ်းသူများအားလုံးပါဝင်နိုင်ရေး၊ အလုပ်အကိုင်၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုနယ်ပယ်များတွင် ချိတ်ဆက်ပေးနိုင်ရေး၊ ရုပ်သံအသိပညာပေး အစီအစဉ် ဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်