Skip to main content

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဝင်များ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၄

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဝင်များ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက တည်းခိုနေထိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် လစ်ဟာမှုများ၊ လွဲချော်မှုများ မရှိစေရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်းခိုနေထိုင်ရေးတွင် တစ်ပြေးညီဖြစ်စေရေး၊ လုံခြုံရေးအဖွဲ့များအတွက် နေရာထိုင်ခင်းများ စနစ်တကျရှိစေရေး၊ စားသောက်ရေးတွင် ကျန်းမာရေးနှင့်အညီ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးနိုင်ရေး၊ ရာသီဥတုအခြေအနေအရ လိုအပ်သည့် အိပ်ရာထိုင်ခင်းများ လုံလောက်စွာဖြင့် ပြည့်ပြည့်စုံစုံ ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေးတို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်