Skip to main content

ဥပဒေအသိပညာ ဆင့်ပွားဖြန့်ဝေခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာ ဆင့်ပွားဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် ဥပဒေအသိပညာဆင့်ပွားဖြန့်ဝေခြင်းအခမ်းအနားတွင် ပြဋ္ဌာန်းတည်ဆဲဥပဒေများစွာထဲမှ ဝန်ထမ်းများသိသင့်သိထိုက်သည့် ဥပဒေ၊ ဥပဒေ၏ အရင်းအမြစ်များ၊ ဥပဒေစနစ်များ၊ ဥပဒေအမျိုးအစားများ၊ ဥပဒေ၊ တစ်ဆင့်ခံဥပဒေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပါ တစ်ဆင့်ခံဥပဒေများပြဋ္ဌာန်းနိုင်ခွင့်၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့ဝန်ထမ်းများအား ဥပဒေအရအကာအကွယ်ပေးခြင်းနှင့် ပြည်သူ့ဝန်ထမ်းကကျူးလွန်သော ပြစ်မှုများကို ထုတ်နုတ်ပို့ချသွားမည်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဗဟုသုတများစွာရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ ဥပဒေပြဋ္ဌာန်းချက်ပါ အခွင့်အရေးနှင့် အကာအကွယ်များရရှိခံစားရမည်ဖြစ်သကဲ့သို့ ဥပဒေစည်းမျဉ်း၊ စည်းကမ်းမလိုက်နာပါက ကျူးလွန်သောပြစ်မှုများနှင့်အညီ အရေးယူခံရမည်ဖြစ်သည့်အတွက် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဥပဒေဘောင်အတွင်းက လိုက်နာထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်အောင်ဆွေက ဥပဒေရေးရာများနှင့်ပတ်သက်၍ အသိပညာပေးဆင့်ပွား ဖြန့်ဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်