Skip to main content

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကေတုမတီမြို့သစ်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌လည်းကောင်း ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော်သီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီး ပညာရေးစုံညီပွဲတော်အတွက် ချီးမြှင့်ငွေများပေးအပ်ကြသည်။

ယင်းနောက် တိုင်းမှူးများနှင့်တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာပေနှင့်ဖွံ့ဖြိုးရေးထူးချွန်ဆုရရှိသူများ၊ အတန်းစဉ်ဆုရရှိသူများ၊ လူရည်ချွန်ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးကြသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြင့်ကြသည်။ ၎င်းနောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ကျောင်းသား/ ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြခဲ့ကြကြောင်း သတင်းရရှိသည်။