မုံရွာ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ တစ် နာရီက မုံရွာမြို့ အဝင်/အထွက် ကိုဗစ် -၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်များဖြစ်သည့် ကျောက္ကာ၊ မုံရွေး၊၊အလုံနှင့် ပြည်တော်သာ တို့တွင် တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များမှ ကူညီဆောင် ရွက် ပေးနေသူ များအား လည်းကောင်း၊ Quarantine Centerများဖြစ်သည့် မုံရွာစီးပွားရေးတက္ကသိုလ်၊ နန္ဒဝန် အိမ်ရာစခန်းနှင့် ဒေါနခြံရပ်ကွက်တို့သို့ သွားရောက်စစ်ဆေးပြီး အားပေးစကားပြောကြားကာ ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုတို့မှ တစ်နေ့တာ အာဟာရဒါနအဖြစ် အချိုရည်ဘူးများ၊ စားသောက်ဖွယ်ရာမုန့်မျိုးစုံတို့အပြင် အပူချိန်တိုင်း ပစ္စည်းများနှင့် လက်သန့်ဆေးရည်ဗူးများအား ကုသိုလ်ပြု ပေးအပ်ခဲ့ပြီး Quarantine Centerများတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးနှင်ပတ်သက်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျအားလုံးပူးပေါင်း ဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်သူများအေးချမ်းစွာ အပန်းဖြေနားနေစေရန်အတွက် မုံရွာမြို့ ကန်သာယာကန်တွင် ဆောင်ရွက်လျှက်ရှိသော စတီးလက်ရမ်းတပ်ဆင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ လျှပ်စစ်မီးတိုင်များ သွယ် တန်း တပ်ဆင်ခြင်း၊ သစ်ပင်ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ကျောက်ထုပ်ရိုက်ခြင်း၊ မြက်ခင်းပြင် များပြု လုပ်ခြင်း စသည့်သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေ အနေတို့ အား ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မှီ ပြီးစီးရေး ဆောင်ရွက်သွာကြရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။
ထွန်းကိုကို(ယင်းမာပင်)