Skip to main content

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင် သဘာဝဘေးသင့် အိမ်ထောင်စုများအား ထောက်ပံငွေပေးအပ်

ဘုတ်ပြင်း စက်တင်ဘာ ၈ 

တနင်္သာရီတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု ချောင်းကရှက်ကျေးရွာ၊ ကလန်းချောင်းကျေးရွာနှင့် နို့ငွါးကျေးရွာအုပ်စု ချောင်းကဖီးကျေးရွာ တို့ရှိ သဘာဝဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။

အဆိုပါ ကျေးရွာများတွင် စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များမှ မိသားစုဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ချောင်းကရှက်ကျေးရွာ သဘာဝဘေးကြောင့် နေအိမ် လုံးဝပျက်စီးခဲ့သည် နေအိမ်()လုံး၊ ကလန်းချောင်းကျေးရွာတွင် နေအိမ်()လုံးကို  တစ်အိမ်လျှင် ငွေကျပ်နှစ်သိန်းကျပ်စီကို ဝန်ကြီးချုပ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဝန်ကြီချုပ်နှင့်အဖွဲ့သည့် နို့ငွါးကျေးရွာအုပ်စု ချောင်းကဖီးကျေးရွာသို့ သွားရောက်ကာ သဘာဝဘေးဒဏ်ကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၁၂) လုံး၊ တစ်အိမ်လျှင် ငွေကျပ် နှစ်သိန်းကျပ်စီနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁၈)လုံး တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းကျပ်စီကို ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ် များက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းဦး(ပြန်/ဆက်)