Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် စောင့်ကြည့်လူနာများအတွက် ကမ္ဘောဇဘဏ်က ငွေကျပ် သိန်း ၅၀၀ လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၇

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှစွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် စောင့်ကြည့် လူနာများအတွက် အထွေထွေအသုံးပြုနိုင်ရန် We Love Yangon ပရဟိတအဖွဲ့ထံသို့ ငွေကျပ် သိန်း ၅၀၀ ပေးအပ်လှူဒါန်းသည်။

လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ စည်ပင်ဓမ္မာရုံ၌ ကျင်းပရာ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများက အလှူငွေကျပ် သိန်း ၅၀၀ကို We Love Yangon ပရဟိတအဖွဲ့ထံ ပေးအပ် လှူဒါန်းခဲ့သည်။ ကမ္ဘောဇဘဏ်၏ လှူဒါန်းငွေမှ ငွေကျပ် သိန်း ၃၀၀ ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျန်းမာရေး ဝန်ထမ်း၊ စေတနာ့ ဝန်ထမ်းများအတွက် လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရန်အတွက် လည်းကောင်း၊ ငွေကျပ်သိန်း ၂၀၀ ကို ကန့်သတ် စောင့်ကြည့်စခန်းများရှိ စောင့်ကြည့် လူနာများအတွက် အထွေထွေအသုံးပြု နိုင်ရန်အတွက် လည်းကောင်း We Love Yangon ပရဟိတအဖွဲ့မှ တစ်ဆင့် ပေးအပ် လှူဒါန်းခြင်းဖြစ်သည်။

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ငွေကျပ် ၆၆၀၆၆ သိန်း လှူဒါန်းထားရှိပြီးဖြစ်သည်။

ကိုကျော်