Skip to main content

ခရစ္စမတ်နေ့တွင် ငွေဆောင်ကမ်းခြေ၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကား

ငွေဆောင် ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ ငွေဆောင်ကမ်းခြေ၌ ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်းရှည်လျားခြင်း၊ သဲသောင်ပြင် သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အမြဲမပြတ်လာရောက်လည်ပတ်လျက်ရှိသည်။ ယနေ့တွင် ငွေဆောင်မြို့ထဲရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင် လမ်းလျှောက်ကြသူများ၊ အပန်းဖြေနေကြသူများ၊ ရေကူးကြသူများ၊ Speed Boat, Banana Boat စီးကြသူများ၊ ငွေဆောင်၏ အထင်ကရ ကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့် ငွေဆောင်ဆင်စခန်းသို့ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကျော်လင်းဦး (ပြန်/ဆက်)