မုဒုံ စက်တင်ဘာ ၂၆
မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ယမန်နေ့ ညနေ ၃ နာရီ အချိန် ခန့်က ကမ်းပါးပြိုကျသည့်နေရာသို့ ရောက်ရှိကြောင်းသိရသည်။
အဆိုပါ ကတုံးပေါ်ကျေးရွာတွင် စက်တင်ဘာ(၂၄)ရက်နေ့ ညနေ(၃)နာရီအချိန်ခန့်က ကမ်းနား တွင် ဒီရေတိုက်စားမှုနှင့် ရေစီးကြောင်း ပြောင်းလဲမှုတို့ကြောင့် ကတုံးပေါ်ချောင်းအရှေ့ကွက် မြစ်ကမ်းပါး မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ကမ်းပါးပြိုသည့် နေရာများနှင့် ကမ်းပါးထပ်ပြိုကျနိုင်သည့်နေရာများတို့ကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် မြစ်ကမ်းပါးပြိုကျမှုကြောင့် အဆိုပါနေရာအနီးတွင် နေထိုင်သော ကျေးရွာရှိ လူနေအိမ် (၃၀)၊ အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၆၄)ဦးခန့်ကို ကျေးရွာရှိ ရွာလယ်ဓမ္မာရုံနှင့် အခြေခံပညာ မူလတန်းကျောင်းများတို့တွင် ယာယီပြောင်းရွှေ့ထားရပြီး ကျေးရွာသူ/ ရွာသားများ ကို ဝန်ကြီးချုပ်က ရင်း ရင်းနှီးနှီးအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ၊ စားနပ်ရိက္ခာ (ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာများ)နှင့် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)