Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်း ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဒီဇင်ဘာ ၁၇ ရက်က ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဒလသင်္ဘောကျင်းအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်၊ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စရပ်များ အထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်ရှိသည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန ဆောက်လုပ်ရေးအထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ရှစ်ခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာအဆောက်အအုံ တည်ဆောက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အဆောက်အအုံအတွင်း ရေအမြန်ဆုံးရရှိရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ ရေ၊ မီး၊ မိလ္လာစနစ်များ သတ်မှတ်ချက်နှင့်အညီ အမြန်ဆုံးအသုံးပြုနိုင်ရေးနှင့် တည်ဆောက်ပြီး အိမ်ရာများတွင် နေရာချထားပေးမည့် ဝန်ထမ်းများအနေဖြင့် နေထိုင်ရာ၌ ထိန်းသိမ်းမှုအပိုင်းတွင် မိမိပိုင်ပစ္စည်းကဲ့သို့ သဘောထား၍ အသေးအဖွဲပျက်စီးမှုများကအစ ချက်ချင်းအလေးထားပြင်ဆင်နေထိုင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်