Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်ဇနီး ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ တက်ရောက်

ရန်ကုန် ဒီဇင်ဘာ ၁၂

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်ဇနီးတို့ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး တာဝန်ခံ Dr. Rashid Abdulla Al-Kuwari နှင့် တာ၀န်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး၊ ဇနီးနှင့်တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ကြပြီး ကာတာနိုင်ငံ သံရုံးတာဝန်ခံက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကာတာနိုင်ငံ သံရုံးတာဝန်ခံတို့သည် အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ကာတာနိုင်ငံသံရုံးတာဝန်ခံက တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဧည့်ခံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာ၀န်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်