Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ်အသစ်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် Mr. Arnaud de Baecque တို့ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေး အလုပ်ရုံများနှင့် ပြန်လည်သန်စွမ်းရေးဌာနများကို အဆင့်မြှင့်တင်ရန် နည်းပညာပိုင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ် သင်ကြားပို့ချရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးပြီး တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် Ms. Elena Ajnone Sessera ကို ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်ပေးအပ်သည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့် ICRC မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်