Skip to main content

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဝင်ရောက်ခဲ့သည့်အတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးသူများအား ကျေးဇူးတင်လွှာ

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးသမ္မတနိုင်ငံ အာဆွန်စီယွန်မြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် “Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage” အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဓိကပါဝင်ကူညီပံ့ပိုးပေးခဲ့သော ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် ဦးဆောင်သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အားလည်းကောင်း၊ ဝိုင်းဝန်းအားဖြည့်ဆောင်ရွက်ပံ့ပိုးပေးခဲ့ကြသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပုဂံအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့၊ ပုဂံမြို့ အာနန္ဒာမြတ်စွာဘုရားကြီး၏ ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ဗိုလ်တထောင်မြို့နယ်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီအစည်းအရုံး၊ မြန်မာနိုင်ငံပန်းပုအစည်းအရုံး၊ ဝိသာခါဖောင်ဒေးရှင်း၊ TMW Enterprise Limited၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်(ရန်ကုန်)၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးစောင့်ရှောက်ရေးအဖွဲ့ (ဗဟန်းမြို့နယ်)၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြင့်မြတ်သူစေတနာသွေးလှူရှင်အသင်း၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းနှင့်အသင်းအဖွဲ့များ၊ ကူညီပံ့ပိုးသူများအားလုံးတို့အားလည်းကောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွက် လိုအပ်သည့် သင်္ကြန်မှတ်တမ်းများနှင့် နောက်ခံစကားပြော ပံ့ပိုးကူညီဆောင်ရွက်ပေးသော ပြန်ကြားရေးဝန်ကြီးဌာနနှင့် Living Myanmar Media Group အားလည်းကောင်း၊ အဆိုပြုစာတွဲများတင်သွင်းရာတွင် လိုအပ်သည့် ဘာသာပြန်ဆိုဆောင်ရွက်ပေးခဲ့သော ပညာရေးဝန်ကြီးဌာန ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပြင်သစ်ဘာသာဌာနအားလည်းကောင်း၊ အဆိုပြုစာတွဲတင်သွင်းရေးအတွက် သတင်းနှင့်နည်းပညာအချက်အလက်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအားလည်းကောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စတင်ခဲ့ကြသည့် ပုဂံခေတ်ကာလမှ ယနေ့အထိ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည့် မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့အားလည်းကောင်း ဤစာဖြင့် ဖော်ပြရာတွင် မပါဝင်ခဲ့သောအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ ကူညီဆောင်ရွက်ပေးသူများအားလုံးတို့ကိုလည်းကောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အထူးပင်ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန