ပဲခူး စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော်မိသားစုက ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ကာလအတွင်း သံဃာတော်ရှင်သူမြတ်များ ဆွန်း၊ ဆွမ်းဟင်းကိစ္စ တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် COVID-19ရောဂါ ကာကွယ်နိုင်ရေးအတွက် ပဲခူးမြို့ပေါ်ရှိ စာသင်တိုက်များ၊ ပရဟိတကျောင်းများနှင့် ဘိုးဘွားရိပ်သာများအား ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် လက်သန့်ဆေးရည် ဘူးများအား သွားရောက် လှူဒါန်းပေးခဲ့သည်။
လှူဒါန်းမှုပြုလုပ်ပေးရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော် မိသားစုတို့က ပဲခူးမြို့ပေါ်ရှိ ဥဿာသီရိစာသင်တိုက်၊ ကြခတ်ဝိုင်းစာသင်တိုက်၊ မြို့မစာသင်တိုက်၊ ဝင်းနိမ္မိ တာရုံစာသင်တိုက်၊ အောင်ဇေယျာစာသင်တိုက်၊ သာသနာ့မဏ္ဍိုင်စာသင်တိုက်၊ မဟာစေတီကန်ကျောင်း စာသင်တိုက်၊ ကျုံးထောင့်ဝိပဿနာစာသင်တိုက်၊ ဝေဘူစာသင်တိုက်၊ ကြုံတူစာသင်တိုက်၊ သီရိစန္ဒာရုံ စာသင်တိုက်၊ သာသနာ့ဇောတိကစာသင်တိုက်၊ သုခေသိတာရာမစာသင်တိုက်၊ ပန်းခြံကုန်းပရဟိတကျောင်း တိုက်၊ အလင်းစစ်ပညာဒါနကျောင်းတိုက်၊ သပြေကုန်းဘိုးဘွားရိပ်သာ စသည့် စာသင်တိုက်များ၊ ပရဟိတ ပညာဒါနကျောင်းများနှင့် ဘိုးဘွားရိပ်သာများရှိ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများထံ ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် လက်သန့်ဆေးရည်ဘူးများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)