Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ဒီဇင်ဘာ ၁

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ကျန်းမာရေးဝန်ကြီး H.E. Mr. Lei Haicho ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

သတင်းစဉ်