နေပြည်တော် ဒီဇင်ဘာ ၁
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် ၂၀၂၄ ခုနှစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
သတင်းစဉ်