၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံ၌ ရောက်ရှိနေကြသည့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအသိပေး ထုတ်ပြန်ချက်
အမှတ်စဉ်( ၂၅ )
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံ၌ ရောက်ရှိနေ ကြသော မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်များ အလိုက် ကြိုတင်မဲဆန္ဒပေးနိုင်ပါရန် မြန်မာသံရုံး၊ တိုကျိုမြို့၌ အောက်ဖော်ပြပါ နေ့ရက်များတွင် မဲရုံ ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်-
မဲရုံဖွင့်လှစ်မည့်နေရာ - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး
4-8-26, Kita-Shinagawa, Shinagawa-ku,
Tokyo 140-0001
မဲရုံဖွင့်လှစ်ပေးမည့်အချိန် - နံနက် ၀၉၀၀ နာရီမှ ညနေ ၁၇၀၀ နာရီအထိ
ကြိုတင်မဲပေးရမည့် နေ့ရက် - ၃-၁၀-၂၀၂၀ ရက် မှ ၉-၁၀-၂၀၂၀ ရက်အထိ
တိုကျိုမြို့တော်နှင့် ကန်တိုဒေသ (Tokyo, Chiba,
Kanagawa, Saitama, Ibaraki, Tochigi, Gunma)
၁၀-၁၀-၂၀၂၀ ရက် မှ ၁၄-၁၀-၂၀၂၀ ရက်အထိ
ကျန် ပြည်နယ်များ (Hokkaido, Aomori, Akita,
Yamagata, Miyagi, Fukushima, Niigata, Toyama, Yamanashi, Nagano, Ishikawa, Fukui, Shiga, Kyoto, Osaka, Nara, Wakayama, Hyogo,
Tokushima, Kagawa, Koichi, Ehime, Hiroshima, Okayama, Yamaguchi, Fukuoka,
Saga, Oita, Nagasaki, Kumamoto, Miyazaki,
Kagoshima, Okinawa, Iwate, Tottori, Shimane)
ထို့အပြင်၊ မြန်မာနိုင်ငံသားများ ဒုတိယအများဆုံး နေထိုင်လျက်ရှိကြသည့် Tokai ဒေသရှိ Aichi, Gifu, Mie, Shizuoka ပြည်နယ်များမှ မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအတွက် မဲရုံခွဲကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
မဲရုံခွဲ ဖွင့်လှစ်မည့်နေရာ - မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံး
Honorary Consul of the Republic of the Union of Myanmar, Aichi Prefecture, Japan
3117 Higashi-Furukawa, Kamiotai, Yamada-cho, Nishi-ku, Nagoya, Aichi 452-0818
Tel: 81 – 052 – 501 0528
81 – 052 – 501 0645
မဲရုံခွဲ ဖွင့်လှစ်ပေးမည့်အချိန် - နံနက် ၀၉၀၀ နာရီမှ ညနေ ၁၇၀၀ နာရီအထိ
ကြိုတင်မဲပေးရမည့် နေ့ရက် - ၄-၁၀-၂၀၂၀ ရက် မှ ၅-၁၀-၂၀၂၀ ရက်အထိ
တိုကိုင်းဒေသ (Aichi, Gifu, Mie, Shizuoka)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြိုတင်မဲဆန္ဒပေးပိုင်ခွင့်ရှိသူများစာရင်း (ပုံစံ-ခ) ကို လက်ခံရရှိသည့်အချိန်တွင် ဆက်လက်၍ အသိပေး ထုတ်ပြန်သွားမည် ဖြစ်ပါသည်။
မြန်မာသံရုံး၊ တိုကျိုမြို့၊
၂၃-၉-၂၀၂၀
#Embassy of the Republic of the Union of Myanmar, Tokyo